၂၀၁၇ - ခုနှစ် ဇွန်လ ၂၂ ရက်နေ့ တွင် ချင်းညီကိုယ်များနှင့် မြိုလူငယ်များ တွေ့ဖြစ်သည်။ ACRDC - YANGON အဖွဲ့ဝင် တစ်ဦး ဖြစ်သော ဆရာကျော် ကြီး၏ ဦးဆောင်မှု ဖြင့် တွေ့ဖြစ်ကြခြင်းဖြစ်။ ချင်းနှင့် မြို လူမျိုးတို့၏ သမိုင်း ဆက်များကို ဆွေးနွေး ကြသည်။ သုတေသီ ဆရာ ရိုဆန်း၏ ချင်းသမိုင်းကွင်းဆက် သမိုင်းရှာပုံတော် နှင့် မိတ်ဆက်ရင်း မြိုနှင့် ချင်း သမိုင်းကွင်းဆက်များအား ရှုမြင်ရင်း ချစ်ခင်ရင်းနီးများ ရယူကြသည်။ ထို နေ့ရက်သည် မြိုသမိုင်း အသီးအပွင့်များ အဖြစ် မြိုလူငယ်များကြားတွင် ပြန်လည် ရှင်သန်လာသောနေ့ရက် များ ဖြစ်ပေမည်။ ကုလားတန်မြစ်ဝှမ်းယဉ်ကျေးမှု သမိုင်းစာတမ်း ဖတ်ပွဲကို လုပ်ဆောင်ရန် အစပြုသော အရာဟုဆိုနိုင်ဖွယ်ရှိသည်။ နေရာကား ရန်ကုန်မြို့၊ စမ်းချောင်း ဆလိုင်း David နေအိမ်တွင် ဖြစ်သည်။ အချိန်ကား ၂ နာရီ ဖြစ်သည်။ ကိုမောင်မောင်သန်း၊ဆရာဂျေမီ၊ ဆလှိုင်းဒေးဗစ်၊ ကိုစိန်လှထွန်း၊ ဆရာရိုဆန်း ( သမိုင်းသုတေသီ)၊ ကိုဗိုလ်အောင်ကြည်၊ ကိုကျော်ကြီး နေရာ။ စမ်းချောင်း လ္ဘက်ရည်ဆိုင်နေရာ ၂၀၁၇၊ဇွန်လ ၂၂။
ACRDC- YANGON is a Yangon based Mro (Khami) Research Center. It is about the lives and customs of the Mro (Khami) people. It is a center for daily news updates and their actual ground conditions and history.