Skip to main content

TRADITIONAL

မြိုတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုနှင့် ခေတ်အလိုက်ရိုးရာ ဝတ်စား ဆင်ယင်မှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ။

မြိုလူမျိုးတို့သည် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ ဝတ်စား ဆင်ယင်မှုများသည်လည်း ခေတ်ပေါ် ဝတ်စားဆင်ယင်မှုများကို အလေးထား ဝတ်စား ဆင်ယင်လာကြသည်။မြိုလူမျိုးတို့၏ ဝတ်စား ဆင်ယင်မှုများအား ဗြိတိသျှခေတ်တွင်ဓါတ်ပုံ မှတ်တမ်းတင်မှု အားနည်းခဲ့ကြဟန်တူသည်။ သိုသော် သမိုင်းမှတ်တမ်း များ အရတွင် မှတ်တမ်းတင်မှု တချို့နှင့် ရှေးခေတ်လက်ရာ အမွှေအနှစ် တချို့၏ အထောက်ထားများအရ ၎င်းလူမျိုးတို့၏ ဝတ်စား ဆင်ယင်မှုကို သိရှိနိုင်ပါသည်။ ယနေ့ခေတ်တွင်  ရိုးရာယဉ်ကျေးမှု ပွဲလန်းသဘင်များတွင်သာ မိမိရိုးရာ ဝတ်စုံများကိုသာ ဝတ်ဆင်လာကြသည်။ ခေတ်အလိုက် ပုံစံအနည်းငယ် ပြောင်းလဲမှုများလည်း ရှိသည်။ 


(၁) ရှေးအမျိုးသားတို့၏ ဝတ်စားဆင်ယင်မှု

ရှေး မြို လူကြီးတို့သည် အလျှား ( ၁၂ ) တောင်၊ အရှည်ရှိသော တောင်ရှည်ပုဆိုးကို ရှေ့တစ်စ ၊ နောက်တစ်စထား၍ ခါးတောင်း ကျိုက် ဝတ်ဆင်ကြသည်။ ရှေ့အစ နောက်အစသည် တွဲလွဲကျသည်။ ပွဲလမ်းသဘင်များ၌ ပိုးလုံချည် ၊ ခေါင်းပေါင်း ကို ဝတ်ဆင်ကြသည်။ ထိုသို့ဝတ်လျှင် ဂုဏ်သရေ ရှိသည်ဟု ယူဆကြသည်။[1] မင်္ဂလာပွဲနှင့် မင်းခန်း မင်းနားတို့တွင် ပေ (၂၀) ထက်ကျော်သော ဂျက်ခုတ်ရက်ထည်ကို ခါးတွင် သုံးပတ် ပတ်ပြီး နောက်မြီး စွမ်း ရှည် ကို ပေါင် နှစ်ဘက်လုံး သုံးပတ် ကျော့ဝတ်ကာ ရှေး မြီး နောက် မြီးကို လက်ဝဲဘက် ခါးဆီတွင် အစချင်းပူး ချည်နှောင်လျှက် အစွန်းတူ ချထားရသည်။ ကိုယ်ဝတ် အင်္ကျီကို ကား ကောင်းမွန်စွာ ရက်လုပ်ထားသော အဖြူ ရက်ထည်ပေါ်တွင် အနီစင်းကြောင်း လက်ဝဲ၊ လက်ယာ နှစ်ကြောင်းစီ ရှေ့နောက် လေးကြောင်းပါသော ဂျက်ခုတ်ရက်ထည် အင်္ကျီလက်တို ဝတ်ဆင်ကြသည်။ သို့မဟုပ် အလျှား (၆) ပေ၊ အနံ (၄) ပေ ရှိ ပန်းအလှများ ဖော်ဆောင် ရက်လုပ်ထားသော “နီလိုင်”(Ielien)ခေါ် ကိုယ်လွှမ်းစောင်ကို လည်း ဘယ်ဖက် ပခုံးပေါ်တင်ပြီး လွှမ်းခြုံလေ့ရှိသည်။[2] သို့သော် မြိုလူမျိုးများသည် ရှေးရှေးကခန္မာကိုယ် အထက်ပိုင်းတွင် အဝတ်မဲ့ နေလေ့ရှိကြသည်။

ရှေးမြိုလူကြီးများသည် ယောင်ထုံးကို ဘယ်စောင်းထုံးလျှက် “လူ့ပေါင့်”(Luponq) ဟုခေါ်သော ခေါင်းပေါင်း ဖြူ ပိတ်စ (သိုမဟုပ်) ပန်းရောင် ကို ပေါင်းကြသည်။ ပွဲလမ်းသဘင်များတွင် ပိုးခေါင်း ပေါင်းကို ပေါင်းကြသည်။ ခေါင်းပေါင်ထည်ကို “လူ့ပေါင့်”(Luponq)ဟုခေါ်သည်။ ဆံထိုးကို “ဆင်ဘိန်းဟုခေါ်ကာ ပန်းဖွာကို “အဆွီ”ဟုခေါ်သည်။ နား နှစ်ဖက်တွင်အချင်း နှစ်လက္မရှိ အဝိုင်းကွင်း နားကွင်းကြီး နှစ်ကွင်းကိုဝတ်ဆင်ထားသည်။ ထိုနားကွင်းသည် ဆင်းရဲ ချမ်းသာလိုက်၍ ဆင်းခဲ့သူတို့က ငွေသားနှင့်လုပ်ထားသော နားကွင်းကိုဝတ်ဆင်ကာ ချမ်းသာသူတို့ကား ရွှေဖြင့်လုပ်ထားသော သူနားကွင်းများကို ဝတ်ဆင်ကြသည်။

 

( ၂ ) အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု

မြိုအမျိုးသမီး များသည်  ဒူးအောက်နားထိရှည်သော စကပ်ပုံ စံအိန ( ခေါ် ) ထဘီကို ရစ်ပစ်၍ ဝတ်ဆင်ကြသည်။ အနံတစ်ပေခွဲ၊ အလျှား ၂ ပေခွဲခန့်ရှိသော လေးတောင့်စွန့်ရှိ ရင်ကပ် (Ielienq) ကို  ဘယ်ဘက်ချိုင့်ကြားမှ ညာဘက်ပခုံးပေါ် သို့ သိုင်းတင် ချည်နှောင်ရသည့် ရင်ဖုံး အဝတ်ကို ဝတ်ဆင်ကြသည်။

ခါးတွင် သန္တာစေ့များကို သီထားသည့် ခါးပတ်များ၊ ငွေဒင်္ဂါးတန်ဆာများကို ဝတ်ဆင်ကြသည်။ သန္တာစေ့ပုတီးလည်ဆွဲများ၊ ငွေဒင်္ဂါးတန်ဆာ လည်ဆွဲများကိုလည်း ဆင်မြန်းကြသည်။ ငွေလက်ကောက်၊ ငွေခြေကျင်း၊ ငွေနားဒေါင်းများကို ဝတ်ဆင်ကြသည်။ နားဒေါင်းမှာ ကန်စွန်းပွင့် သဏ္ဌာန်၊ ခါးတွင် အနည်းငယ် ကျဉ်း၍  ၂ - လက်မခန့် ရှည်သည်။ ပွဲလန်းသဘင်များတွင် ငွေထည် လက်ဝတ် လက်စား များကို ဆင်မြန်း၍ ထောက်ပင် ( ခေါ် ) တံဘက် သင်တိုင်းကို ဝတ်ဆင်ကြသည်။ ဦးခေါင်းပေါ်တွင် သန္တာစေ့ ပုတီးကုံး များကို တင်ထား ဆင်မြန်း ကြသည်[1]

တိုးတက်မှုမြန်နေသော ယနေ့လူ့အဖွဲ့စည်းတွင် ခေတ်ပေါ်ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်လာမှုများ ရှိလာပြီ ဖြစ်သည်။ တချို့ ရိုးရာ ဓလေ့ ဝတ်စားဆင်ယင်မှု မှုလများ အား မီးချောင်း၊ ပီချောင်း ဘက်တွင်သာ တွေ့ရှိနိုင်တောမည် ဖြစ်သည်။

( ၃ ) ခေတ်အလိုက် တွေ့မြင်ရသော မြိုလူမျိုးတို့၏ ဝတ်စား ဆင်ယင်မှုများ။ 













ရှေးဝတ်စားဆင်ယင်မှုပုံများအား စုဆောင်းဆဲဖြစ်ပါသည်။ ဒီထက် အဖြူအမဲပုံများ ရှိပါကမည်သူမဆို ပို့ပေးနိုင်ပါသည်။ 

Comments

Popular posts from this blog

AD 18 Century Mro Copper Statas found in Mrauk-U

 AD 18 Century Mro Copper Statas found in Mrauk-U

Which Tribe Uses The Drongo As A Symbol Of Their Race

ငှတ်တော်ကို မိမိလူမျိူးတို့၏ အမှတ် သင်္ကေတ အဖြစ် ဘယ်လူမျိုးတွေက အသုံးပြုနေကြပါသလဲ။ (မြန်မာနိုင်ငံ) မိမိလူမျိုးတွေရဲ့ အမှတ်လက္ခဏာ  သင်္ကေတ အဖြစ် ငှတ်တော်ကို အသုံးပြု သူတွေကတော ......... (၁) ခေါင်စို (၂) ဒိုင်ချင်း (၃) လေမီ (၄)လေခခ် (၅) အရှို(မီဒီယာ) (၆)ကချင်(မီဒီယာ) (၇) မြို(ဝါကုန်း) တို့ အသုံးပြုနေတာ တွေ့ရပါတယ်။  မိမိလူမျိုးတို့၏ ရိုးရာဓလေ့ ဝေါဟာရ အားဖြင့် အဓိပ္ပါယ် ရှိနေမည် ဖြစ်ပါတယ်။

ပင်လုံပဋိညာဉ် (သို့) အပြန်လှန်ပြုရန် သဘောတူညီချက်။

(ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်) သဘောတူညီချက်များကို ဥပဒေသဘောသဘာဝအတိုင်း စာအားဖြင့် ရေးသားချုပ်ဆိုထားသည့် သမိုင်းဝင်စာချုပ်ကြီး တခုဖြစ်သည်။ ရှမ်း၊ ကချင်၊ ချင်း တိုင်းပြည်များရှိ လူမျိုးများအသီးသီးကို ကိုယ်စားပြုကြသည့် ခေါင်းဆောင်ကြီးများနှင့် “Ministerial Burma” ကို ကိုယ်စားပြုသည့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား အပြန်အလှန်ပြုရန် သဘောတူ ချုပ်ဆိုထားသည့် ပဋိညာဉ် စာချုပ်ကြီးတခုဖြစ်သည်။ အဆိုပါ ပင်လုံပဋိညာဉ်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုသည့် ပြည်ထောင် များ စုစည်းထားသော တိုင်းပြည်သစ်တခု ကမ္ဘာပေါ်တွင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ ပင်လုံပဋိညာဉ်ကြောင့် အင်္ဂလိပ်တို့က တောင်တန်းဒေသများ “Frontier Areas” ဟု အမည်ပေးကာ သီးခြားအုပ်ချုပ်ခဲ့သည့် ရှမ်း၊ ကချင်၊ ချင်း တိုင်း ပြည်များနှင့် “Ministerial Burma” ဟု ယခင်က သီပေါ်မင်းနှင့် သီပေါမင်း မတိုင်ခင်က မြန်မာဘုရင်များ အုပ်ချုပ်မင်းမူခဲ့သည့် နယ်မြေများကို အခြေခံသတ်မှတ်ခဲ့သည့် တိုင်းပြည်များ စုစည်းလျှက် ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်တည်လာခြင်းဖြစ်သည်။ ပင်လုံပဋိညာဉ်ကြောင့် လွပ်လပ်ရေးသီးခြားစီ ရလတံ့သော အဆိုပါတိုင်းပြည်များ စုပေါင်းကာ ပြည်ထောင်စုမြန်မာနိုင်ငံအ...