Skip to main content

စာရေးဆရာ မောင်မောင်ကျေ့ာ ( ပလက်ဝ ) နှင့် ACRDC - YANGON အဖွဲ့တွေ့ဆုံခြင်း။


Ahton Cultural Research and Development Center - Yangon အဖွဲ့သည် စက်တင်ဘာလ ၀၁၊ ၂၀၁၉ - ခုနှစ်တွင်ရန်ကုန် သံလျှင်ရှိ ရခိုင်အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သော ဆရေးဆရာ ဦးမောင်မောင်ကျော့( ပလက်ဝ ) နှင့် တွေ့ဆုံခဲ့သည်။ 

တွေ့ဆုံမှု အစတွင့် အပြန်အလှန် မိတ်ဆက်ခြင်း ၊ သမိုင်း ရေး အမြင် များ ဝေမျှ ခဲ့ကြသည်။ ဆရာ့ဆီမှလည်းလိုအပ်တော စာတမ်းများအား လက်ဆောင် အဖြစ် ပေး ခဲ့သ ည်။
စက်တင်ဘာလ ၀၁၊ ၂၀၁၉
ဦးမောင်မောင်သန်း၊ ဆရာမောင်မောင်ကျော့( ပလက်ဝ)၊ ဦးဗိုလ်အောင်ကြည်

Comments

Popular posts from this blog

မြိုတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအား ၁၈၁၀ - ၂၀၁၉ ခုနှစ်ထိ ခေတ်အလိုက်ရိုးရာ ဝတ်စား ဆင်ယင်မှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများစာတမ်း။

ဤစာတမ်းသည်  မြိုစာပေနှင့်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအသင်းမှ တောင်းဆိုမှု ကြောင်း  ACRDC - YANGON မှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဌာန၊ ရခိုင်ပြည်နယ် ညွန်ကြားရေးမှုရုံးတိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ‌အကူအညီရယူကာ ၁၈၈၂ - ၂၀၁၉ ခုနှစ်ထိ မြိုလူမျိုးတို့ ခေတ် အဆက်ဆက် ဝက်စား ဆင်ယင်မှု၊ ရှေးဟောင်း ရုပ်ထု များ အား ပုံ မှတ်တမ်းများ စုစည်း တင်ပြထားသော စာတမ်း ဖြစ်သည်။    ဤစာတမ်းအား မတ်လ ၁၈၊ ၂၀၂၀ တွင်  ACRDC - YANGON မှ ပြုစုထားသည်။  ဤစာတမ်းသည် ACRDC -YANGON ၏ မူပိုင်ဖြစ်သည်။ စာမျက်နာ ၃၀ ကျော်ပါရှိသည်။ 

ACRDC - YANGON အစပြုခြင်း (သို့မဟုပ်) ချင်းညီကိုများနှင့်တွေ့ဆုံခြင်း

၂၀၁၇ - ခုနှစ် ဇွန်လ ၂၂ ရက်နေ့  တွင် ချင်းညီကိုယ်များနှင့် မြိုလူငယ်များ တွေ့ဖြစ်သည်။ ACRDC - YANGON အဖွဲ့ဝင် တစ်ဦး ဖြစ်သော ဆရာကျော် ကြီး၏ ဦးဆောင်မှု ဖြင့် တွေ့ဖြစ်ကြခြင်းဖြစ်။ ချင်းနှင့် မြို လူမျိုးတို့၏ သမိုင်း ဆက်များကို ဆွေးနွေး ကြသည်။  သုတေသီ ဆရာ ရိုဆန်း၏ ချင်းသမိုင်းကွင်းဆက် သမိုင်းရှာပုံတော် နှင့် မိတ်ဆက်ရင်း မြိုနှင့် ချင်း သမိုင်းကွင်းဆက်များအား ရှုမြင်ရင်း ချစ်ခင်ရင်းနီးများ ရယူကြသည်။ ထို နေ့ရက်သည် မြိုသမိုင်း အသီးအပွင့်များ အဖြစ် မြိုလူငယ်များကြားတွင် ပြန်လည် ရှင်သန်လာသောနေ့ရက် များ ဖြစ်ပေမည်။ ကုလားတန်မြစ်ဝှမ်းယဉ်ကျေးမှု သမိုင်းစာတမ်း ဖတ်ပွဲကို လုပ်ဆောင်ရန် အစပြုသော အရာဟုဆိုနိုင်ဖွယ်ရှိသည်။ နေရာကား ရန်ကုန်မြို့၊ စမ်းချောင်း ဆလိုင်း David နေအိမ်တွင် ဖြစ်သည်။ အချိန်ကား ၂ နာရီ ဖြစ်သည်။  ကိုမောင်မောင်သန်း၊ဆရာဂျေမီ၊ ဆလှိုင်းဒေးဗစ်၊ ကိုစိန်လှထွန်း၊ ဆရာရိုဆန်း ( သမိုင်းသုတေသီ)၊ ကိုဗိုလ်အောင်ကြည်၊ ကိုကျော်ကြီး နေရာ။ စမ်းချောင်း လ္ဘက်ရည်ဆိုင်နေရာ ၂၀၁၇၊ဇွန်လ ၂၂။