Skip to main content

Posts

Showing posts from July, 2020

သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာများကို လိုက်လံရှာဖွယ် စုဆောင်းခြင်း

ဇူလှိုင် ၁၁၊၂၀၂၀ ( စနေနေ့ ) ဆလှိုင်းဒေးဗစ် နှင့် မှော်ဘီမြို့နယ် ဆရာကျော်ကြီးနေအိမ်တွင်တွေ့ဆုံ ဖြစ်ကြသည်။  ရေခံမြေခံ မြို သမိုင်း စာအုပ်ပေါ်ထွက်နိုင်ရေးအတွက် ကျွန်တော် တို့ ACRDC - YANGON အဖွဲ့သားများ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာများကို လိုက်လံရှာဖွယ် စုဆောင်းသောအချိန်ဖြစ်သည်။ မတူချင်း လူမျိုးများနှင့် မြို လူမျိုးတို့ ရိုးရာဓလေ့ ဆက်နွယ်မှု ၊ တူညီမှု များအား အပြန်အလှန် ပြောဆို ခဲ့ကြသည်။  ရှေးဘိုးဘွားတို့ ၏ တူညီသော ယဉ်ကျေးမှု များနှင့် နယ်မြေ ဒေသအရ အခေါ် အဝေါ် အနည်းငယ် အလှမ်းဝေးကြသောကြောင်း ကင်းကွာ နေကြပေမယ့် မြို ချင်း သည် တူညီသော အရင်းအမြစ်တစ်ခု ဆီမှ တူညီ စီးဆင်းသော ညီကိုယ်များ ဖြစ်ကြောင်း ရိုးရာဓလေ့များ က ထင်ရှားစွာ သက်သေ ပြု နေဟန် တူသည်။ ACRDC - YANGON အဖွဲ့မှလည်း ရေခံမြေခံ မြို သမိုင်းစားတမ်း အကျဉ်းအားပေးခဲ့သည်။

လေခခ် Likhy စာပေပြုစုသူဆရာ အာဗြံဟံနှင့် တွေ့ဆုံခြင်း

လေခခ် Likhy စာပေပြုစုသူဆရာ အာဗြံဟံနှင့် တွေ့ဆုံခြင်း လေခခ် စာပေ အား ပြုစုသူ အမျိုးသား တစ်ဦး ဖြစ်သော ဆရာ အာဗြံဟံ နှင့် ယနေ့ ဇူလှိုင် ၀၄၊ ၂၀၂၀ ( စနေနေ့ ) တွင် ကျွန်တော် တို့ ACRDC - YANGON အဖွဲ့ဝင် တစ်ဦးနှင့် တွေ့ ဖြစ်သည်။ ဆရာဆွေမောင်နှင့် ဆရာ ဂျိုးဆက်ကီမာ တို့ လမ်းညွန်မှု ဖြင့် လေခခ် လူမျိုးများ အကြောင်း အရာ များကို သိရှိသူ ဆရာ နှင့် တွေ့ ကြခြင်း ဖြစ်သည်။ ACRDC - YANGON တို့ ရေခံမြေခံ မြို သမိုင်း ပေါ် ထွက်လာ ရေး အတွက် ကြိုးပန်းမှု တွင် မြို တို့ နှင့် ဘာသာစကား ဆက်စပ်သော ရင်းနှီးသော သွေးချင်းတို့ အဘောဆန္ဒ ပါဝင် ရေးသည်လည်း အမိုင်း စာအုပ်တွင် အရေး ပါနေမည် ဖြစ်သည်။ မှော်ဘီ စာဖြူစု ၁၆ မှတ်တိုင်မှ အနောက်ဘက် မိနှစ် အနည်း ငယ် သွား၊ အမှတ် ( ၄ ) လမ်းမကြီး နှင့် မဝေး တွင် ချင်းပြည်နယ် ပလက်ဝဒေသမှ လာရောက်ကြသော စစ်ဘေး ရှောင်များနှင့် ကိုယ်ပိုင်မြေယာ ဝယ်ယူပြီးနေထိုင်ကြသော ညီကိုယ်များအိမ်ရာများအားတွေ့ရသည်။ ၎င်းနေရာတွင် လေခခ် စာပေဖြစ်တည်ရေးအတွက် လှုပ်ရှား ကြသော လေခခ် လူမျိုးတို့၏ စာပေရုံး နေရာသိသန့် အဆောက်အဦးနှင့် တွေ့ ရသောကြောင်း လေခခ် လူ မျိုးတို့၏ စည်းရုံးမှု၊ ကြိုးစားမှု၊ ခေါင်းဆောင် ကော...

အာ့တောင်ယဉ်ကျေးမှုရေးရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန- ရန်ကုန် ၏ ပထမခြေလှမ်း

အာ့တောင်ယဉ်ကျေးမှုရေးရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန- ရန်ကုန်၏ပထမခြေလှမ်း ၂၀၂၀ ဇွန်လ ၂၉ - ၃၀ နေ့ တွင် Twel Let Myanmer  Peace Light Project အဖွဲ့မှ ကျင်းပပြုလုပ်သော Project Research Conceptual Framework Developing Meeting တွင် အာ့တောင်ယဉ်ကျေးမှုရေးရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန- ရန်ကုန် ( ACRDC - YANGON )အဖွဲံဝင် တစ်ဦးမှ အဖွဲ့ ကိုယ်စားပြု ပါဝင် ဆွေးနွေးခွင့်ရခဲ့သည်။ ပါဝင် ဆွေးနွေးမှု အကြောင်းအရာများတွင် ( က) မြိုလူမျိုးများ၏ နောက်ခံသမိုင်းအကြောင်း။ ( ခ ) မြိုလူမျိုး ကဲ့သို့သော လူနည်းစုများ မည်သည့်ရိုးရာ စီးပွားရေးများ လုပ်ကိုင်။ ( ဂ ) အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပတ်သက်၍ မည်ကဲ့သို့စီးပွားရေးများ လုပ်ကိုင်နိုင်ခြင်း။ (ဃ) ရန်ကုန်နှင့် နိှုင်းယှဉ် ရှုမြင်ခြင်း။ အကြောင်းအရာများ ဆွေးနွေးခွင့် ရခဲ့သည်။ ACRDC - YANGON ပထမဆုံးသော တခြား အဖွဲ့ အစည်း များနှင့် ပါဝင် ဆွေးနွေးမှု ပထမ ခြေလှမ်း ဖြစ်ပါသည်။ အာ့တောင်ယဉ်ကျေးမှုရေးရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန- ရန်ကုန်