Skip to main content

လေခခ် Likhy စာပေပြုစုသူဆရာ အာဗြံဟံနှင့် တွေ့ဆုံခြင်း

လေခခ် Likhy စာပေပြုစုသူဆရာ အာဗြံဟံနှင့် တွေ့ဆုံခြင်း
လေခခ် စာပေ အား ပြုစုသူ အမျိုးသား တစ်ဦး ဖြစ်သော ဆရာ အာဗြံဟံ နှင့် ယနေ့ ဇူလှိုင် ၀၄၊ ၂၀၂၀ ( စနေနေ့ ) တွင် ကျွန်တော် တို့ ACRDC - YANGON အဖွဲ့ဝင် တစ်ဦးနှင့် တွေ့ ဖြစ်သည်။ ဆရာဆွေမောင်နှင့် ဆရာ ဂျိုးဆက်ကီမာ တို့ လမ်းညွန်မှု ဖြင့် လေခခ် လူမျိုးများ အကြောင်း အရာ များကို သိရှိသူ ဆရာ နှင့် တွေ့ ကြခြင်း ဖြစ်သည်။
ACRDC - YANGON တို့ ရေခံမြေခံ မြို သမိုင်း ပေါ် ထွက်လာရေး အတွက် ကြိုးပန်းမှု တွင် မြို တို့ နှင့် ဘာသာစကား ဆက်စပ်သော ရင်းနှီးသော သွေးချင်းတို့ အဘောဆန္ဒ ပါဝင် ရေးသည်လည်း အမိုင်း စာအုပ်တွင် အရေး ပါနေမည် ဖြစ်သည်။
မှော်ဘီ စာဖြူစု ၁၆ မှတ်တိုင်မှ အနောက်ဘက် မိနှစ် အနည်း ငယ် သွား၊ အမှတ် ( ၄ ) လမ်းမကြီး နှင့် မဝေး တွင် ချင်းပြည်နယ် ပလက်ဝဒေသမှ လာရောက်ကြသော စစ်ဘေး ရှောင်များနှင့် ကိုယ်ပိုင်မြေယာ ဝယ်ယူပြီးနေထိုင်ကြသော ညီကိုယ်များအိမ်ရာများအားတွေ့ရသည်။
၎င်းနေရာတွင် လေခခ် စာပေဖြစ်တည်ရေးအတွက် လှုပ်ရှား ကြသော လေခခ် လူမျိုးတို့၏ စာပေရုံး နေရာသိသန့် အဆောက်အဦးနှင့် တွေ့ ရသောကြောင်း လေခခ် လူ မျိုးတို့၏ စည်းရုံးမှု၊ ကြိုးစားမှု၊ ခေါင်းဆောင် ကောင်းမှု များကို သိသာထင်ရှားစွာ တွေ့မြင်ရသည်။
ဆရာအာ‌ဗြံဟံနှင့် တွေ့ဆုံအပြီးတွင် သမိုင်းချင်း ဖလှယ်ခြင်း၊ ဆက်ဆံရေး ပိုမို တိုးတက်ခြင်း များ အကြောင်း အရာများ ရရှိနေလိမ့်မည်ဟု ထင်မြင်မိပါသည်။
လေခခ် Likhy စာပေပြုစုသူဆရာ အာဗြံဟံနှင့် တွေ့ဆုံခြင်း မှော်ဘီ တစ်နေရာ


Comments

Popular posts from this blog

AD 18 Century Mro Copper Statas found in Mrauk-U

 AD 18 Century Mro Copper Statas found in Mrauk-U

မြိုတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအား ၁၈၁၀ - ၂၀၁၉ ခုနှစ်ထိ ခေတ်အလိုက်ရိုးရာ ဝတ်စား ဆင်ယင်မှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများစာတမ်း။

ဤစာတမ်းသည်  မြိုစာပေနှင့်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအသင်းမှ တောင်းဆိုမှု ကြောင်း  ACRDC - YANGON မှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဌာန၊ ရခိုင်ပြည်နယ် ညွန်ကြားရေးမှုရုံးတိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ‌အကူအညီရယူကာ ၁၈၈၂ - ၂၀၁၉ ခုနှစ်ထိ မြိုလူမျိုးတို့ ခေတ် အဆက်ဆက် ဝက်စား ဆင်ယင်မှု၊ ရှေးဟောင်း ရုပ်ထု များ အား ပုံ မှတ်တမ်းများ စုစည်း တင်ပြထားသော စာတမ်း ဖြစ်သည်။    ဤစာတမ်းအား မတ်လ ၁၈၊ ၂၀၂၀ တွင်  ACRDC - YANGON မှ ပြုစုထားသည်။  ဤစာတမ်းသည် ACRDC -YANGON ၏ မူပိုင်ဖြစ်သည်။ စာမျက်နာ ၃၀ ကျော်ပါရှိသည်။