ကျား၊ ဆင်၊ တောရိုင်း တိရိစ္ဆာန်များနှင့် ရန်သူတို့၏ ရန်ဘေးမှ ကာကွယ်ရန် ကျေးရွာ သို့မဟုပ် နယ်မြေ တစ်ခုအတွက် ကာကွယ်ပြု လုပ်ခြင်း မြိုလူမျိုးတို့ အခေါ် "Sawmi Karkabaedel" ဖြစ်သည်။
ကာရံထားသော ဝါးထရံအတွင်းမှာ ချွန်ထက်သော ဝါးခြမ်းပြားဖြင့် စည်းဝိုင်းအတွင်းဘက်မှ ထည့်သွင်း ကာရံရသည် အကာအရံ ဖြစ်သည်။
ရခိုင်တို့ အခေါ်တွင် ချင်းတပ် ဟူ၍သာ ခေါ်သည် ၁၉၈၂ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဗိုလ်ကြီးတံလှ တို့ ခေတ်တွင် မြိုလူမျိုးတို့ ရပ်ရွာများတွင် ထိုသို့ ကာရံထားသည်ကို စာရေးသူကိုယ်တိုင် မြင်ဖူးသည်။
ACRDC-YANGON
#မြို #ချင်း #ရခိုင် #ချင်းတပ် #ရန်ဘေး #Sawmikarbabaedel
Comments