Skip to main content

မြို(ခမိ)လူမျိုးတို့၏ထူးခြားသော ဓလေ့များ။

မြို(ခမိ) လူမျိုးတို့တွင် ထိုသူတို့၏ ရိုးရာဓလေ့ ကျင့်ထုံးများ အရ ထူးခြား ချက်များစွာ ရှိသည်ကို သိရှိနိုင်သည်။ 

( က ) မြို(ခမိ) တို့တွင် ကနီခွတ်မာ့ ခေါ် နေလ ပိုင်သော အရှင်ကို ကိုးကွယ်သည်။ ( နောင်တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ စသည် ဖြင့် ယုံကြည်ကိုးကွယ်မှု ရှိလာသော်လည်း ထိုသူတို့ နတ်ကိုးကွယ်မှု အချိန်ကာလတွင် ကနီခွတ်မာ့ကို ကိုးကွယ်ဟန် ရှိသည်၊ တခြား သော နတ်ကိုးကွယ်မှု ပူဇော်ပသမှု အား အလေးထား ယုံကြည်ကြသော်လည်း ကနိခွတ်မာ့ ကိုကား ထိုလူမျိုးတို့ ဇာတိ ကိုးကွယ်ရာ အဖြစ်  ယုံကြည် နေကြဟန် တူသည်။ 



( ခ ) လူသား စ ဖြစ်ပေါ် လာခြင်းနှင့် ဖန်ဆင်းခြင်း 

မြို(ခမိ)တို့၏ ရိုးရာဓလေ့သီချင်း များတွင် သက်ကြီး အဖွားတစ်ဦးမှ ပျား အကူညီ မြေသားကောင်းကို ရယူကာ ကွတ်မဒိကွတ်မရင်  ခေါ် လူသား အား ဖန်ဆင်းသည် ဟု ဆိုသည်။ ဖန်ဆင်းမှုများတွင် သတ္တဝါအား စတင်ဖန်ဆင်းသည် နှောက်မှ လက်ကျန် မြေမှုဖြင့် လူသားအား ဖန်ဆင်းသည်ဟု ဆိုသည်။ အရှေ့အလယ်ပိုင်း ဂျူးတို့၏ အယူအဆတွင် လူသားတို့အား မြေမှုန့်မှ ထာဝရ ဘုရားက ဖန်ဆင်းသည် သတ္တဝါ များအား ဖန်ဆင်းအပြီး အာဒံ၊ အား ဖန်ဆင်းသည်ဟု ဆိုသည်။  အမှောင်ထုမှ အလင်းဘက် ရောက်ရှိလာခြင်း ပုံပြင်တို့သည်လည်း မြို(ခမိ) တို့ လူမျိုးတို့တွင် အယူအဆနှင့် တေးသီချင်းများ ရှိပြန်သည်။ 

(ခ) ကလေးမွေးဖွားခါစတွင် အသား၊ ငါးဟင်း ရှောင်၍ ထမင်း နှင့် သောက်ရေ ကိုသာ သုံးဆောင်က မိခင်မှ ရက် ပေါင်း ၂၈ ရက် ၁၅ ရက် ၊ မွေးဖွားလာသော ကလေး ကျား/မ အပေါ် မူတည်၍ အစာ ရှောင်ရသည်။ ထိုအကြောင်းအရာသည်လည်း ဂျူး လူမျိုးတို့၏ ရိုးရာဓလေ့များ နှင့် တူညီမှုတွေ့ရပြန်သည်။ 

(ဂ) မြို(ခမိ) လူမျိုးတို့တွင် တောတွင်း ကျား တို့ ကိုက်ခံရကာ သေဆုံးသွားသော တိရစ္ဆာန် တို့၏ အသား အား မစားကောင်း၊ တိရစ္ဆာန် တို့၏ အသွေးအား မစားကောင်းဟု ပညစ်မှု ရှိသည်။  မောရှေ၏ အိဂျစ်မှ ခါနန် ခရီးစဉ် အတွင်း ပညစ်ချက်များနှင့် တူညီ မှု များ တွေ့ ရပြန်သည်။ 

ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့အား အက္ခရာဖြင့် စခေါ် ဝေါ် သည် ။ 

ACRDC-YANGON


Comments

Popular posts from this blog

AD 18 Century Mro Copper Statas found in Mrauk-U

 AD 18 Century Mro Copper Statas found in Mrauk-U

မြိုတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအား ၁၈၁၀ - ၂၀၁၉ ခုနှစ်ထိ ခေတ်အလိုက်ရိုးရာ ဝတ်စား ဆင်ယင်မှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများစာတမ်း။

ဤစာတမ်းသည်  မြိုစာပေနှင့်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအသင်းမှ တောင်းဆိုမှု ကြောင်း  ACRDC - YANGON မှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဌာန၊ ရခိုင်ပြည်နယ် ညွန်ကြားရေးမှုရုံးတိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ‌အကူအညီရယူကာ ၁၈၈၂ - ၂၀၁၉ ခုနှစ်ထိ မြိုလူမျိုးတို့ ခေတ် အဆက်ဆက် ဝက်စား ဆင်ယင်မှု၊ ရှေးဟောင်း ရုပ်ထု များ အား ပုံ မှတ်တမ်းများ စုစည်း တင်ပြထားသော စာတမ်း ဖြစ်သည်။    ဤစာတမ်းအား မတ်လ ၁၈၊ ၂၀၂၀ တွင်  ACRDC - YANGON မှ ပြုစုထားသည်။  ဤစာတမ်းသည် ACRDC -YANGON ၏ မူပိုင်ဖြစ်သည်။ စာမျက်နာ ၃၀ ကျော်ပါရှိသည်။