Skip to main content

ကျေးဇူးပြု၍ Speak Out! လုပ်ပေးကြပါ။

မြို(ခမိ) အမျိုးသားရေး ဦးဆောင် လုပ်ဆောင်ခဲ့ဖူးသည့် ဦးကျော်ဇောလှ၏ မြေးလည်းဖြစ်သူ၊ မြန်မာ့အမျိုးသားလေကြောင်းတွင် Senior Agent ရထူးဖြင့် အလုပ်လုပ်ကိုင်နေသူ မြို(ခမိ) တိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုထင်လှိုင်အောင် သည် Civil Disobedience Movement-CDM တွင် ပါဝင်မှုဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းခြင်းးခံထားရသည်မှာ တစ်လ နိပါး ရှိနေပြီ ဖြစ်ကြောင်း သူတို့ ဆွေးမျိုးများထံမှ သိရှိရပါသည်။ လက်ရှိတွင် အင်းစိန်ထောင်တွင် အကျဉ်းချခံရကာ လွတ်မြောက်လာမှု မရှိသေးသောကြောင်း သူ့ အမျိုးသမီး၊ ဆွေမျိုးများက စိုးရိမ်နေကြရပါသည်။ လက်ရှိတွင် ကိုထင်လှိုင်အောင်၏ အမျိုးသမီးတွင် ၃ နှစ်ခန့် ကလေးတစ်ယောက်နှင့် ကိုယ်ဝန် ( ၇ ) လခန့်လွယ်ထားလျှက်ရှိနေပြီး အမျိုးသားလွှတ်မြောက်လာစေရန် မျှော်လင့်လျှက် ရှိပါသည်။ ကိုထင်လှိုင်အောင် အမြန်ဆုံး လွှတ်မြောက် လာနိုင်ရန် Speak Out လုပ်ပေးကြပါရန် နိုးဆော်ပါရစေ။ (မေလ ၁၀၊ ၂၀၂၁) တနင်္လာနေ့။ #SpeakOut #SocialDisobediencemovement #CDM #Mro #MAI

Comments

Popular posts from this blog

AD 18 Century Mro Copper Statas found in Mrauk-U

 AD 18 Century Mro Copper Statas found in Mrauk-U

မြိုတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအား ၁၈၁၀ - ၂၀၁၉ ခုနှစ်ထိ ခေတ်အလိုက်ရိုးရာ ဝတ်စား ဆင်ယင်မှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများစာတမ်း။

ဤစာတမ်းသည်  မြိုစာပေနှင့်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအသင်းမှ တောင်းဆိုမှု ကြောင်း  ACRDC - YANGON မှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဌာန၊ ရခိုင်ပြည်နယ် ညွန်ကြားရေးမှုရုံးတိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ‌အကူအညီရယူကာ ၁၈၈၂ - ၂၀၁၉ ခုနှစ်ထိ မြိုလူမျိုးတို့ ခေတ် အဆက်ဆက် ဝက်စား ဆင်ယင်မှု၊ ရှေးဟောင်း ရုပ်ထု များ အား ပုံ မှတ်တမ်းများ စုစည်း တင်ပြထားသော စာတမ်း ဖြစ်သည်။    ဤစာတမ်းအား မတ်လ ၁၈၊ ၂၀၂၀ တွင်  ACRDC - YANGON မှ ပြုစုထားသည်။  ဤစာတမ်းသည် ACRDC -YANGON ၏ မူပိုင်ဖြစ်သည်။ စာမျက်နာ ၃၀ ကျော်ပါရှိသည်။