Skip to main content

Posts

ပင်လုံပဋိညာဉ် (သို့) အပြန်လှန်ပြုရန် သဘောတူညီချက်။

(ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်) သဘောတူညီချက်များကို ဥပဒေသဘောသဘာဝအတိုင်း စာအားဖြင့် ရေးသားချုပ်ဆိုထားသည့် သမိုင်းဝင်စာချုပ်ကြီး တခုဖြစ်သည်။ ရှမ်း၊ ကချင်၊ ချင်း တိုင်းပြည်များရှိ လူမျိုးများအသီးသီးကို ကိုယ်စားပြုကြသည့် ခေါင်းဆောင်ကြီးများနှင့် “Ministerial Burma” ကို ကိုယ်စားပြုသည့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား အပြန်အလှန်ပြုရန် သဘောတူ ချုပ်ဆိုထားသည့် ပဋိညာဉ် စာချုပ်ကြီးတခုဖြစ်သည်။ အဆိုပါ ပင်လုံပဋိညာဉ်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုသည့် ပြည်ထောင် များ စုစည်းထားသော တိုင်းပြည်သစ်တခု ကမ္ဘာပေါ်တွင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ ပင်လုံပဋိညာဉ်ကြောင့် အင်္ဂလိပ်တို့က တောင်တန်းဒေသများ “Frontier Areas” ဟု အမည်ပေးကာ သီးခြားအုပ်ချုပ်ခဲ့သည့် ရှမ်း၊ ကချင်၊ ချင်း တိုင်း ပြည်များနှင့် “Ministerial Burma” ဟု ယခင်က သီပေါ်မင်းနှင့် သီပေါမင်း မတိုင်ခင်က မြန်မာဘုရင်များ အုပ်ချုပ်မင်းမူခဲ့သည့် နယ်မြေများကို အခြေခံသတ်မှတ်ခဲ့သည့် တိုင်းပြည်များ စုစည်းလျှက် ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်တည်လာခြင်းဖြစ်သည်။ ပင်လုံပဋိညာဉ်ကြောင့် လွပ်လပ်ရေးသီးခြားစီ ရလတံ့သော အဆိုပါတိုင်းပြည်များ စုပေါင်းကာ ပြည်ထောင်စုမြန်မာနိုင်ငံအ...
Recent posts

How the Mro people built their houses

 မြိုလူမျိုးတို့၏ ယခင် အိမ်တည်ဆောက်ပုံ

ရန်အပေါင်းအား မြိုလူမျိုးတို့ မည်သို့ ကာကွယ်

ကျား၊ ဆင်၊ တောရိုင်း တိရိစ္ဆာန်များနှင့် ရန်သူတို့၏ ရန်ဘေးမှ ကာကွယ်ရန် ကျေးရွာ သို့မဟုပ် နယ်မြေ တစ်ခုအတွက် ကာကွယ်ပြု လုပ်ခြင်း မြိုလူမျိုးတို့ အခေါ် "Sawmi Karkabaedel" ဖြစ်သည်။  ကာရံထားသော ဝါးထရံအတွင်းမှာ ချွန်ထက်သော ဝါးခြမ်းပြားဖြင့် စည်းဝိုင်းအတွင်းဘက်မှ ထည့်သွင်း ကာရံရသည် အကာအရံ ဖြစ်သည်။  ရခိုင်တို့ အခေါ်တွင် ချင်းတပ် ဟူ၍သာ ခေါ်သည် ၁၉၈၂ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဗိုလ်ကြီးတံလှ တို့ ခေတ်တွင် မြိုလူမျိုးတို့ ရပ်ရွာများတွင် ထိုသို့ ကာရံထားသည်ကို စာရေးသူကိုယ်တိုင် မြင်ဖူးသည်။  ACRDC-YANGON #မြို #ချင်း #ရခိုင် #ချင်းတပ် #ရန်ဘေး #Sawmikarbabaedel

ထိုလူမျိုးတွေစားတဲ့ ပြာဟင်း

ထိုလူမျိုးတွေစားတဲ့ ပြာဟင်း ------------------------ ပြာဟင်းဟာ မီးဖိုချောင်ထဲ့ မိးဖိုဘေးမှ ကျန်ရှိနေတဲ့ ဖုံများလား ထင်မြင်စရာပါ။ ဒါပေမယ့် ထိုပြာ ရနိုင်ဖို့ ထိုလူမျိုးတွေရဲ့ ရိုးရာဓလေ့နဲ့အညီ ပြာလုပ်မည့် ကုန်ကြမ်းတွေကို သန့်စင် သန့်ရှင်း အဆင့်ဆင့် လုပ်ပြီးမှ ပြာရည် ရလာတာပါ။  အနည်းငယ် ငံအရသာ ရှိလှပြီး ပြာရည်နဲ့ ချက်ထားတဲ့ အစာစာတွေဟာ အနံ့၊ အရသာ ကောင်းရုံမက အစာကြေစေလွယ်တာကြောင်း ကျမ္မာရေးနဲ့ညီညွတ်လှပါတယ်။ စားသုံးသူ ကြီးကြပ်ရေး FDA တွေနဲ့ စမ်းသပ် ရကောင်းမှန်း မသိနိုင်ကြသေးပေမယ့် ရိုးရာအစဉ်လာတစ်ခု အဖြစ် ထိုလူမျိုးတွေ ဘိုးစဉ်ဘောင်ဆက် စားသောက်လာကြတာကတော အမှန်ပါပဲ။  တနည်းပြော ရရင် Sauce အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြာရည်နဲ့ ဟင်းချက်စားသောက်ကြတဲ့ လူမျိုးတွေကတော မြို(ခမိ)၊ မာတူချင်း၊ ခူမီး၊ ခေါင်စို၊ အနု၊ လေခခ်၊ အရှို၊လေမိ၊ ဒိုင်ချင်း၊ မြို(မရူစာ) တို့ပဲ ဖြစ်ပါတယ်။  ထူးထူးခြားခြားကတော ချင်းပြည် တောင်ပိုင်းလို့ လို့ ပြော ဆိုနိုင်ပါတယ်။  ACRDC-YANGON

Are Mro(Khami) And Mro(Mrucha) really Different?

မြို(ခမိ) လူမျိုးနှင့် မြို(မရူစာ) သည် အမှန်တကယ် ကွဲပြားတဲ့ လူမျိုးတွေလား? ------------------------------- မြို(ခမိ) နှင့် မြို (မရူစာ) လူမျိုးတွေဟာ မတူကွဲပြားတဲ့ လူမျိုး တွေ မဟုပ်ပဲ ရှေးယခင်က အတူနေထိုင်ကြခြင်း သို့မဟုပ် ထိုလူမျိုးတွေဟာ တစ်စုတည်း ဖြစ်စေတဲ့ အကြောင်းပြချက်တွေ အများ အပြား တွေ့ရပါတယ်။  (၁) ဆင်းသက်လာမှု သမိုင်း တူညီမှု  (၂)ထိုသူတို့ လူမျိုးသမိုင်းဆက်နွယ်တူညီမှု (၃) ဘာသာစကား ၃၅% တူညီမှု  (၄) ရိုးရာဓလေ့ စားသောက်မှု နေထိုင်မှု တည်ဆောက်မှု တူညီမှု (၅) ဆွေမျိုးစုတူညီသည့်နာမည် နှစ်ဘက် လူမျိုးတွင် တည်ရှိနေမှု (၆)ဝတ်စားဆင်ယင်မှု ယခင်တူညီမှုတွေကို ကြည့်ခြင်းအားဖြင့် မြို(ခမိ) နှင့် မြို(မရူစာ) တို့ လူမျိုး ဆက်နွယ်မှု ရှိတဲ့ အမျိုးတစ်ခုလို့ ဆိုနိုင်ပါတယ်။  ACRDC-YANGON