Skip to main content

မြို(ခမိ) လူမျိုးတွေကို မြိုနှင့်ခမိ သိသန့်လား အတူတူလား မေးနေကြသူများသို့

မြိုနှင့်ခမိဟာ အတူတူပဲလား? မြိုနဲ့ခမိဆိုတာ မှတ်ပုံတင်မှာ ဖော်ပြတဲ့ အမည်နာမ ကွဲပြီး လူမျိုးက တစ်မျိုးတည်း ဖြစ်ပါတယ်။

တူတယ်လို့ ပြော ရအောင် ဘာတွေများ သက်သေပြနိုင်မလဲ။ အဖေတူ အမေတူက မွေးတဲ့ ညီကိုတွေကို လူမျိုးနာမည်များ ခွဲခြား ကြရမလား ပြန်မေးရပါမည်။ ဉပမာ ပြော ရရင် ရခိုင်မှာ ချောင်းသား၊ ရမ်းဗြဲသား၊ မာန်အောင်သား လို့ နေရာ ဒေသ လိုက်ပြီး လေသံကွဲ ရှိပေမယ့် သူတို့ကို ရခိုင်လို့ ခေါ်ပါတယ်။ မြို(ခမိ)တွေကတူတယ် ဆိုတဲ့နေရာမှ ဒီထက် ပိုပါတယ်။


မြို(ခမိ)နဲ့ မြို(မရူစာ) ကိစ္စရပ် အတုအစစ် လို့ လူမူကွန်ယက်ပေါ် အမုန်းပွားစရာတွေက အတုအစစ် လို့ ပြော ဆိုကြပြန်ပါတယ်။ ဒါလည်း အမုန်းပွားခြင်း ဖြစ်ပြီး အတုအစစ်လို့ ပြော ဆိုစရာ မရှိပါဘူး။ ၁၉၇၀ ဝန်းကျင် မှတ်ပုံတင်တွေမှာ သုံးခေါက်ချိုးတွေ၊ အစိမ်းရောင်ကဒ်တွေ မှာ ဘယ်လူမျိုး နာမည် မပါသေးတာကိုလည်း သိရှိပြီးသား ဖြစ်ပါလိမ့်မည်။

နောက်ပိုင်း လူမျိုးနာမည် ထည့်သွင်းမှုပါလာတဲ့ မှတ်ပုံတင်ကို လေ့လာကြည့်ရင်

ရခိုင်ပြည်နယ်မှာ ရှိတဲ့ မြို(ခမိ)လူမျိုးတွေရဲ့ မှတ်ပုံတင်မှာတော မြို(ခမိ)တွေကို မြို၊ ခမိ၊ခမီ၊ခမီး၊ခမွီး၊ ရခိုင်(မြိုခမိလူမျိုးတချို့ ) စသည်ဖြင့် တွေရပါတယ်။

ချင်းပြည်နယ်မှာတော ခူမီး၊ခူမီးချင်း၊ခမွီး၊ ခမီး၊ မြိုချင်း၊မြို စသည်ဖြင့် ကိုင်ထားကြရပါတယ်။

ဒီအုပ်စုဟာ ရိုးရာဓလေ့၊ တူညီတဲ့ တစ်စုတည်း သော လူမျိုးလို့ ဆိုရပါမည်။ ယေဘုယအားဖြင့် ပြောရရင် ပလက်ဝနယ်ရှိ ခူမီး(ခမီး)တွေမှာ ခမီး လို့ မှတ်ပုံတင် ကိုင်ဆောင်ထားသူ ရှိနေပြန်ပါတယ်။ ဒါကြောင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မြို(ခမိ)တွေဟာ မြို၊ခမိ၊ခမီး၊ခမွီး၊ရခိုင်(မြိုခမိလူမျိုးတချို့ ) မှတ်ပုံတင် ကွဲပြားစွာ ကိုင်ဆောင်ထားသော်လည်း မြို(ခမီး) လို့ ဖော်ပြ မည် ဆိုရင် ပလက်ဝနေ ခမီး မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ရောထွေးနေမှာ ဖြစ်ပါတယ်။

ဘာသာစကားနားလည်မှုမှာတော ခူမီး(ခမီး)တွေနဲ့ မြို(ခမိ)တွေဟာ ၇၅% တူညီကြောင်း SIL က သုတေသနပြု ထားပါတယ်။ ရခိုင်ပြည်နယ်ရှိ မြို(ခမိ) (မြို၊ခမိ၊ခမီး၊ခမွီး၊ရခိုင်(မြိုခမိလူမျိုးတချို့ )) ဘာသာစကားနဲ့ ချင်းပြည်နယ် ဆမီးရှိ မြို(ချင်း)၊ မြို....တွေနဲ့ ဘာသာစကားအတူဆုံးဖြစ်ပါတယ်။ ပြော ချင်တာက အတူတူပဲ ဖြစ်ပါယ်။

ထိုလူမျိုးတွေက ထိုသူတို့အတွင်း ဆက်ဆံရေး အရ နှစ်ခု မြင်နိုင်ပါတယ်။

ခူမီး(ခမီး) အရိုင်(Araing)- ပလက်ဝ

မြို(ခမိ) ဝါကုန်း( Wakong) - ဆမီးနှင့် ကုလားတန် အောက်ဘက် တောက်လျှောက် ပါပါတယ်။ ဝါကုန်းလို့ ပြော တာက မီးချောင်းနဲ့ ကုလားတန် ဆုံရာက မြစ်ဝ ချောင်းဝ ဖြစ်လို့ပါတဲ့ ဆိုလိုတာက ယခင်မှာ ကျောက်တော် မြောက်ဦးပဲ ကုန်းပြင်အနေထား ဖြစ်ပြီး တခြားနေရာမှာက ရေ ပဲ ရှိတဲ့သဘောဖြစ်ပါတယ်။


နည်းနည်း ရှုပ်သွားလား မသိဘူး။


(မြို-မရူစာ) အကြောင်းနဲ့ မမှားစေရန် နှင့် မြို(ခမိ)တို့ အတွက် သိသန့် စာတမ်း ပြု စုမှု လိုအပ်ပါတယ်။)

Comments

Popular posts from this blog

AD 18 Century Mro Copper Statas found in Mrauk-U

 AD 18 Century Mro Copper Statas found in Mrauk-U

မြို(ခမိ)နှင့်ခူမီး(ခမီ) ရိုးရာဓလေ့ နှိုင်းယဉ်မှုပြ ဇယား

မြိုနှင့်ခမီသည် တူညီသော မိသားစု တစ်ခုဟု ဆိုသည်။

Which Tribe Uses The Drongo As A Symbol Of Their Race

ငှတ်တော်ကို မိမိလူမျိူးတို့၏ အမှတ် သင်္ကေတ အဖြစ် ဘယ်လူမျိုးတွေက အသုံးပြုနေကြပါသလဲ။ (မြန်မာနိုင်ငံ) မိမိလူမျိုးတွေရဲ့ အမှတ်လက္ခဏာ  သင်္ကေတ အဖြစ် ငှတ်တော်ကို အသုံးပြု သူတွေကတော ......... (၁) ခေါင်စို (၂) ဒိုင်ချင်း (၃) လေမီ (၄)လေခခ် (၅) အရှို(မီဒီယာ) (၆)ကချင်(မီဒီယာ) (၇) မြို(ဝါကုန်း) တို့ အသုံးပြုနေတာ တွေ့ရပါတယ်။  မိမိလူမျိုးတို့၏ ရိုးရာဓလေ့ ဝေါဟာရ အားဖြင့် အဓိပ္ပါယ် ရှိနေမည် ဖြစ်ပါတယ်။