Skip to main content

Posts

Showing posts from May, 2021

How the Mro people built their houses

 မြိုလူမျိုးတို့၏ ယခင် အိမ်တည်ဆောက်ပုံ

ရန်အပေါင်းအား မြိုလူမျိုးတို့ မည်သို့ ကာကွယ်

ကျား၊ ဆင်၊ တောရိုင်း တိရိစ္ဆာန်များနှင့် ရန်သူတို့၏ ရန်ဘေးမှ ကာကွယ်ရန် ကျေးရွာ သို့မဟုပ် နယ်မြေ တစ်ခုအတွက် ကာကွယ်ပြု လုပ်ခြင်း မြိုလူမျိုးတို့ အခေါ် "Sawmi Karkabaedel" ဖြစ်သည်။  ကာရံထားသော ဝါးထရံအတွင်းမှာ ချွန်ထက်သော ဝါးခြမ်းပြားဖြင့် စည်းဝိုင်းအတွင်းဘက်မှ ထည့်သွင်း ကာရံရသည် အကာအရံ ဖြစ်သည်။  ရခိုင်တို့ အခေါ်တွင် ချင်းတပ် ဟူ၍သာ ခေါ်သည် ၁၉၈၂ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဗိုလ်ကြီးတံလှ တို့ ခေတ်တွင် မြိုလူမျိုးတို့ ရပ်ရွာများတွင် ထိုသို့ ကာရံထားသည်ကို စာရေးသူကိုယ်တိုင် မြင်ဖူးသည်။  ACRDC-YANGON #မြို #ချင်း #ရခိုင် #ချင်းတပ် #ရန်ဘေး #Sawmikarbabaedel

ထိုလူမျိုးတွေစားတဲ့ ပြာဟင်း

ထိုလူမျိုးတွေစားတဲ့ ပြာဟင်း ------------------------ ပြာဟင်းဟာ မီးဖိုချောင်ထဲ့ မိးဖိုဘေးမှ ကျန်ရှိနေတဲ့ ဖုံများလား ထင်မြင်စရာပါ။ ဒါပေမယ့် ထိုပြာ ရနိုင်ဖို့ ထိုလူမျိုးတွေရဲ့ ရိုးရာဓလေ့နဲ့အညီ ပြာလုပ်မည့် ကုန်ကြမ်းတွေကို သန့်စင် သန့်ရှင်း အဆင့်ဆင့် လုပ်ပြီးမှ ပြာရည် ရလာတာပါ။  အနည်းငယ် ငံအရသာ ရှိလှပြီး ပြာရည်နဲ့ ချက်ထားတဲ့ အစာစာတွေဟာ အနံ့၊ အရသာ ကောင်းရုံမက အစာကြေစေလွယ်တာကြောင်း ကျမ္မာရေးနဲ့ညီညွတ်လှပါတယ်။ စားသုံးသူ ကြီးကြပ်ရေး FDA တွေနဲ့ စမ်းသပ် ရကောင်းမှန်း မသိနိုင်ကြသေးပေမယ့် ရိုးရာအစဉ်လာတစ်ခု အဖြစ် ထိုလူမျိုးတွေ ဘိုးစဉ်ဘောင်ဆက် စားသောက်လာကြတာကတော အမှန်ပါပဲ။  တနည်းပြော ရရင် Sauce အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြာရည်နဲ့ ဟင်းချက်စားသောက်ကြတဲ့ လူမျိုးတွေကတော မြို(ခမိ)၊ မာတူချင်း၊ ခူမီး၊ ခေါင်စို၊ အနု၊ လေခခ်၊ အရှို၊လေမိ၊ ဒိုင်ချင်း၊ မြို(မရူစာ) တို့ပဲ ဖြစ်ပါတယ်။  ထူးထူးခြားခြားကတော ချင်းပြည် တောင်ပိုင်းလို့ လို့ ပြော ဆိုနိုင်ပါတယ်။  ACRDC-YANGON

Are Mro(Khami) And Mro(Mrucha) really Different?

မြို(ခမိ) လူမျိုးနှင့် မြို(မရူစာ) သည် အမှန်တကယ် ကွဲပြားတဲ့ လူမျိုးတွေလား? ------------------------------- မြို(ခမိ) နှင့် မြို (မရူစာ) လူမျိုးတွေဟာ မတူကွဲပြားတဲ့ လူမျိုး တွေ မဟုပ်ပဲ ရှေးယခင်က အတူနေထိုင်ကြခြင်း သို့မဟုပ် ထိုလူမျိုးတွေဟာ တစ်စုတည်း ဖြစ်စေတဲ့ အကြောင်းပြချက်တွေ အများ အပြား တွေ့ရပါတယ်။  (၁) ဆင်းသက်လာမှု သမိုင်း တူညီမှု  (၂)ထိုသူတို့ လူမျိုးသမိုင်းဆက်နွယ်တူညီမှု (၃) ဘာသာစကား ၃၅% တူညီမှု  (၄) ရိုးရာဓလေ့ စားသောက်မှု နေထိုင်မှု တည်ဆောက်မှု တူညီမှု (၅) ဆွေမျိုးစုတူညီသည့်နာမည် နှစ်ဘက် လူမျိုးတွင် တည်ရှိနေမှု (၆)ဝတ်စားဆင်ယင်မှု ယခင်တူညီမှုတွေကို ကြည့်ခြင်းအားဖြင့် မြို(ခမိ) နှင့် မြို(မရူစာ) တို့ လူမျိုး ဆက်နွယ်မှု ရှိတဲ့ အမျိုးတစ်ခုလို့ ဆိုနိုင်ပါတယ်။  ACRDC-YANGON  

Mro is not one tribe. They are Ten tribes

မြိုလူမျိုးဟူသည် အမျိုးနွယ်တစ်ခုကို ရည်ညွန်းသည်မဟုပ်၊ မြိုလူမျိုးဟု ဆိုလျှင် တွီရင်၊ ဝါကုန်း၊ ခတ္တာနာ၊ ဒါတ်၊မရူ၊အာ့ကေအာလောင်၊ ပါမနက်၊လေခခ်၊ ခက်တက်၊ ခေါင်စို ကို ရည်ညွန်းပါတယ်တဲ့။  သူတို့၏ ရိုးရာဓလေ့ ကျင့်သုံးမှု ထုံးတမ်းသည် အတူတူဟု ဆိုသည်။

Which Tribe Uses The Drongo As A Symbol Of Their Race

ငှတ်တော်ကို မိမိလူမျိူးတို့၏ အမှတ် သင်္ကေတ အဖြစ် ဘယ်လူမျိုးတွေက အသုံးပြုနေကြပါသလဲ။ (မြန်မာနိုင်ငံ) မိမိလူမျိုးတွေရဲ့ အမှတ်လက္ခဏာ  သင်္ကေတ အဖြစ် ငှတ်တော်ကို အသုံးပြု သူတွေကတော ......... (၁) ခေါင်စို (၂) ဒိုင်ချင်း (၃) လေမီ (၄)လေခခ် (၅) အရှို(မီဒီယာ) (၆)ကချင်(မီဒီယာ) (၇) မြို(ဝါကုန်း) တို့ အသုံးပြုနေတာ တွေ့ရပါတယ်။  မိမိလူမျိုးတို့၏ ရိုးရာဓလေ့ ဝေါဟာရ အားဖြင့် အဓိပ္ပါယ် ရှိနေမည် ဖြစ်ပါတယ်။

AD 18 Century Mro Copper Statas found in Mrauk-U

 AD 18 Century Mro Copper Statas found in Mrauk-U

1975 Union Day Of Myanmar

 1975 Attending the Union Day Event in Kyauktaw

မြို(ခမိ)နှင့်ခူမီး(ခမီ) ရိုးရာဓလေ့ နှိုင်းယဉ်မှုပြ ဇယား

မြိုနှင့်ခမီသည် တူညီသော မိသားစု တစ်ခုဟု ဆိုသည်။

ကျေးဇူးပြု၍ Speak Out! လုပ်ပေးကြပါ။

မြို(ခမိ) အမျိုးသားရေး ဦးဆောင် လုပ်ဆောင်ခဲ့ဖူးသည့် ဦးကျော်ဇောလှ၏ မြေးလည်းဖြစ်သူ၊ မြန်မာ့အမျိုးသားလေကြောင်းတွင် Senior Agent ရထူးဖြင့် အလုပ်လုပ်ကိုင်နေသူ မြို(ခမိ) တိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုထင်လှိုင်အောင် သည် Civil Disobedience Movement-CDM တွင် ပါဝင်မှုဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းခြင်းးခံထားရသည်မှာ တစ်လ နိပါး ရှိနေပြီ ဖြစ်ကြောင်း သူတို့ ဆွေးမျိုးများထံမှ သိရှိရပါသည်။ လက်ရှိတွင် အင်းစိန်ထောင်တွင် အကျဉ်းချခံရကာ လွတ်မြောက်လာမှု မရှိသေးသောကြောင်း သူ့ အမျိုးသမီး၊ ဆွေမျိုးများက စိုးရိမ်နေကြရပါသည်။ လက်ရှိတွင် ကိုထင်လှိုင်အောင်၏ အမျိုးသမီးတွင် ၃ နှစ်ခန့် ကလေးတစ်ယောက်နှင့် ကိုယ်ဝန် ( ၇ ) လခန့်လွယ်ထားလျှက်ရှိနေပြီး အမျိုးသားလွှတ်မြောက်လာစေရန် မျှော်လင့်လျှက် ရှိပါသည်။ ကိုထင်လှိုင်အောင် အမြန်ဆုံး လွှတ်မြောက် လာနိုင်ရန် Speak Out လုပ်ပေးကြပါရန် နိုးဆော်ပါရစေ။ (မေလ ၁၀၊ ၂၀၂၁) တနင်္လာနေ့။ #SpeakOut #SocialDisobediencemovement #CDM #Mro #MAI

မိခင်များနေ့ (Mother's Day)

မြို(ခမိ)လူမျိုးတို့၏ထူးခြားသော ဓလေ့များ။

မြို(ခမိ) လူမျိုးတို့တွင် ထိုသူတို့၏ ရိုးရာဓလေ့ ကျင့်ထုံးများ အရ ထူးခြား ချက်များစွာ ရှိသည်ကို သိရှိနိုင်သည်။  ( က ) မြို(ခမိ) တို့တွင် ကနီခွတ်မာ့ ခေါ် နေလ ပိုင်သော အရှင်ကို ကိုးကွယ်သည်။ ( နောင်တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ စသည် ဖြင့် ယုံကြည်ကိုးကွယ်မှု ရှိလာသော်လည်း ထိုသူတို့ နတ်ကိုးကွယ်မှု အချိန်ကာလတွင် ကနီခွတ်မာ့ ကို ကိုးကွယ်ဟန် ရှိသည်၊ တခြား သော နတ်ကိုးကွယ်မှု ပူဇော်ပသမှု အား အလေးထား ယုံကြည်ကြသော်လည်း ကနိခွတ်မာ့ ကိုကား ထိုလူမျိုးတို့ ဇာတိ ကိုးကွယ်ရာ အဖြစ်  ယုံကြည် နေကြဟန် တူသည်။  ( ခ ) လူသား စ ဖြစ်ပေါ် လာခြင်းနှင့် ဖန်ဆင်းခြင်း  မြို(ခမိ)တို့၏ ရိုးရာဓလေ့သီချင်း များတွင် သက်ကြီး အဖွားတစ်ဦးမှ ပျား အကူညီ မြေသားကောင်းကို ရယူကာ ကွတ်မဒိ ၊ ကွတ်မရင်   ခေါ် လူသား အား ဖန်ဆင်းသည် ဟု ဆိုသည်။ ဖန်ဆင်းမှုများတွင် သတ္တဝါအား စတင်ဖန်ဆင်းသည် နှောက်မှ လက်ကျန် မြေမှုဖြင့် လူသားအား ဖန်ဆင်းသည်ဟု ဆိုသည်။ အရှေ့အလယ်ပိုင်း ဂျူးတို့၏ အယူအဆတွင် လူသားတို့အား မြေမှုန့်မှ ထာဝရ ဘုရားက ဖန်ဆင်းသည် သတ္တဝါ များအား ဖန်ဆင်းအပြီး အာဒံ၊ အား ဖန်ဆင်းသည်ဟု ဆိုသည်။  အမှောင်ထုမှ အလင်းဘက် ရောက်ရှ...

Mothers' Day

Teqki Pau Tautei Or Mro Traditional Lady Tiger Flower Story.

Once upon a time a man called Xuisa and his sister lived in a village and they farmed together. When they had finished cutting the trees for their field, they lit a fire to burn the field but all of trees did not burn so they were cleaning up the field.It was summertime, so they got thirsty for water. Lady Tiger Flower So Xuisa told his sister to go look for water so she went to look water and she found some water, but before she got the water, she met some bachelor frogs. She asked the bachelor frogs " I want to get some water. Please give me some water" But the bachelor frogs did not give the water. They said " we did not give the water, unless you dance with us" Therefore she danced with the bachelor frogs. Her brother Xuisa climbed a tree to look for his sister. He was very very thirsty so he was not resistant and he became an Lady Tiger flower. After he became an Lady Tiger flower, his sister came back for him, but he could not drink the water. So, his sister s...

မြို(ခမိ)လူမျိုးတို့နေထိုင်ရာ ကျေးရွာများအား မြေပုံတည်ဆောက်ခြင်း

Ahton Cultural Research And Development Center-Yangon မှာ မြို(ခမိ)လူငယ်များ ဦးဆောင်ကာ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိ မြို(ခမိ)လူမျိုးတို့ နေထိုင်သော ကျေးရွာများအား Google Map တွင် အလွယ်တကူ ကြည့်ရှုနိုင်ရန်နှင့်၎င်းနေ့ထိုင်သော ကျေးရွာ စုစုပေါင်းအား သိရှိနိုင်ရန် အတွက် မြေပုံ ဆွဲ့ကြသည်။ မြေပုံဆွဲရာတွင် လိုအပ်သော ဒေသခံနှင့် ရွာခံသားများ လူငယ်များ၏ အကူအညီ များ လိုအပ်ပါသေးသည်။  ACRDC-YANGON အနေဖြင့် လည်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။  ACRDC-YANGON ၏မြို(ခမိ)လူမျိုးများ နေထိုင်သော မူကြမ်း

မြို(ခမိ) လူမျိုးတွေကို မြိုနှင့်ခမိ သိသန့်လား အတူတူလား မေးနေကြသူများသို့

မြိုနှင့်ခမိဟာ အတူတူပဲလား? မြိုနဲ့ခမိဆိုတာ မှတ်ပုံတင်မှာ ဖော်ပြတဲ့ အမည်နာမ ကွဲပြီး လူမျိုးက တစ်မျိုးတည်း ဖြစ်ပါတယ်။ တူတယ်လို့ ပြော ရအောင် ဘာတွေများ သက်သေပြနိုင်မလဲ။ အဖေတူ အမေတူက မွေးတဲ့ ညီကိုတွေကို လူမျိုးနာမည်များ ခွဲခြား ကြရမလား ပြန်မေးရပါမည်။ ဉပမာ ပြော ရရင် ရခိုင်မှာ ချောင်းသား၊ ရမ်းဗြဲသား၊ မာန်အောင်သား လို့ နေရာ ဒေသ လိုက်ပြီး လေသံကွဲ ရှိပေမယ့် သူတို့ကို ရခိုင်လို့ ခေါ်ပါတယ်။ မြို(ခမိ)တွေကတူတယ် ဆိုတဲ့နေရာမှ ဒီထက် ပိုပါတယ်။ မြို(ခမိ)နဲ့ မြို(မရူစာ) ကိစ္စရပ် အတုအစစ် လို့ လူမူကွန်ယက်ပေါ် အမုန်းပွားစရာတွေက အတုအစစ် လို့ ပြော ဆိုကြပြန်ပါတယ်။ ဒါလည်း အမုန်းပွားခြင်း ဖြစ်ပြီး အတုအစစ်လို့ ပြော ဆိုစရာ မရှိပါဘူး။ ၁၉၇၀ ဝန်းကျင် မှတ်ပုံတင်တွေမှာ သုံးခေါက်ချိုးတွေ၊ အစိမ်းရောင်ကဒ်တွေ မှာ ဘယ်လူမျိုး နာမည် မပါသေးတာကိုလည်း သိရှိပြီးသား ဖြစ်ပါလိမ့်မည်။ နောက်ပိုင်း လူမျိုးနာမည် ထည့်သွင်းမှုပါလာတဲ့ မှတ်ပုံတင်ကို လေ့လာကြည့်ရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မြို(ခမိ)လူမျိုးတွေရဲ့ မှတ်ပုံတင်မှာတော မြို(ခမိ)တွေကို မြို၊ ခမိ၊ခမီ၊ခမီး၊ခမွီး၊ ရခိုင်(မြိုခမိလူမျိုးတချို့ ) စသည်ဖြင့် တွေရပါတယ်။ ချင်းပြည်နယ်မှာတော ခူမီး...

မြို(ခမီ)စာပေအား တီထွင်သူ ဆရာကျော်သာအောင် အကြောင်း

ဆရာကျော်သာအောင်အား ၁၉၅၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ခူးလူမွှေးကျေးရွာတွင် ဖခင်ဦးကောင်းဖြူ(ခါလိမ်မျိုးနွယ်စု) နှင့် မိခင်ဒေါ်မယု တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း ညီအစ်မကိုမောင်နှမ(၆ ) ယောက်ရှိသည်။  မွေးချင်းညီအစ်ကို မောင်နှမတို့မှာ-  (၁ ) ဒေါ်မသာဦး (၂) ဒေါ်အာဒီ (၃)ဒေါ်လှသိန်း (၄) ဦးကျော်သာအောင် (မြို(ခမီ) စာပေဖြစ်မြှောက်အောင်တီထွင်ခဲ့သူ) (၅ )ဒေါ်စိန်မေ (၆)ဦးစိန်အောင်တို့ ဖြစ်သည်။  အကိုးအကား - MUSA ဦးဆောင် မောင်သန်းအောင်၏စာတမ်းမှ ကူးယူ ဖော်ပြသည်။ 
ACRDC- YANGON is a Yangon based Mro (Khami) Research Center. It is about the lives and customs of the Mro (Khami) people. It is a center for daily news updates and their actual ground conditions and history. The purpose of the organization is to provide one-stop access to DATA information related to Mro (Khami) people. To understand the differences between ethnic names and the way of existence. It aims to preserve the language and literature of these peoples. It aims to achieve the same human rights as other ethnic groups in Myanmar. ACRDC provides information on Mro (Khami) people; Living conditions; History Traditions will be described. Ahton is a mountain name in the Mro(Khami) language. The aim is to get to know Ahton, who is valued by the Mro(Khami) and to appreciate their traditions. ACRDC-YANGON သည် မြို(ခမီ) လူမျိုးတို့ အတွက် ရန်ကုန် အခြေစိုက် သုတေသန စင်တာတစ်ခု ဖြစ်သည်။ ACRDC-YANGON သည် မြို(ခမီ) လူမျိုးတို့၏ လူနေမှု ဘဝနှင့် ရိုးရာဓလေ့များ၊ နေ့စဉ်ဖြစ်ပျက်နေသော သတင်းများနှင့် ထိ...

မြို(ခမီ)လူမျိုးတို့၏ရိုးရာဓလေ့နှင့်ဆိုင်ရာဖြတ်ထုံး

က။ သတိုးသမီးတောင်းရမ်းပုံ ချင်းတိုင်းရင်းသားများဖြစ်သော မြို(ချင်း)လူမျိုးတို့သည် ရှေးဦးစွာအပျိုလူပျိုနှစ်ဦးသည် အချစ်ရေးဆိုဖူးစာကံစုံမိ ကြသည်။ အမျိုးသားလူပျိုများက ချစ်မိ၍ အိမ်ထောင်ဖက်အတွက် သဘောတူပါလျှင် မိမိ၏ မိဘနှစ်ပါးအားအသိပေး၍ တောင်းဆိုခိုင်းသည်။ သတိုးသမီးလောင်းဖက်မှ သဘောတူညီချက်ရခဲ့ပါလျှင် ငွေတစ်ကျပ်ကို အမျိုးသမီးအပျိုအားထားခဲ့ရ ပါသည်။  မြို(ခမီ)လှပျိုဖြူ ဤနည်းသည် ရှေးထုံးစံဖြစ်၍ ယခုအခါ အမျိုးသားလူပျိုသည် မိမိယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ယောက်နှင့်အကူ အမျိုးသမီး မိဘအိမ်သို့သွားရောက်တောင်းရမ်းရပါသည်။ သဘောတူပါက ငွေတစ်ကျပ်ထားခဲ့ကာ သတိုးသမီးကိုလည်း အိမ်သို့ ခေါ်သွားရပေသည်။ ခ။ ထိမ်းမြားမင်္ဂလာပွဲကျင်းပခြင်း  သတိုးသမီးကိုခေါ်ဆောင်၍ အမျိုးသားမိဘအိမ်တွင် အမျိုးသားဖက်မှ အောင်သွယ်ခေါ် အသိသက်သေဖြစ်သည့် အရံမစ်ဗါသတိုးသားတို့နှင့်အတူ မိမိအိမ်၌ ဝက်တကောင်သတ်စားရ၏။ ၎င်းစားသောက်ပွဲကို (Au Mahta Khawn di) ခေါ် ဝက်သွေးထိုးခြင်းဖြစ်လေသည်။ ဤနေ့တွင် မင်္ဂလာဆောင်မည့် နေ့ရက်ကိုသတ်မှတ်ရ၏။ ညအမှောင်မိုက်လာသောအါ သတိုးသမီးဖက်မှ မိဘတို့က မိမိတို့ သတိုးသမီးကို အိမ်သို့ပြန်လည်ခေါ်သွား၏။  ချိန်းဆိုသ...